မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အဆိုပြုချက်များ)

ဝီကီပီးဒီးယား မှ
 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 

အကြံဉာဏ်သစ်များနှင့် အဆိုပြုချက်အသစ်များကို ဤနေရာတွင် ဆွေးနွေးပါသည်။ အဆိုပြုချက် မတင်သွင်းမီ:

« ဆွေးနွေးချက် အဟောင်းများ,



to activate patroller and autopatroller groups[ပြင်ဆင်ရန်]

ယုံကြည်ရတဲ့ အသုံးပြုသူတွေရဲ့ ဆောင်းပါးသစ်တွေ ဖန်တီးမှုကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးကြောင်း မှတ်သားနိုင်မယ့် အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသူများ (autopatroller) နဲ့ ဆောင်းပါးသစ်တွေကို ဆန်းစစ်သုံးသပ်ပေးနိုင်မယ့် စောင့်ကြပ်စစ်ဆေးသူများ (patroller) အခွင့်အရေးအုပ်စု နှစ်ခုကို ဒီဝီကီမှာ ဖန်တီးဖို့ အဆိုပြုပါတယ်။ လတ်တလောမှာ စာမျက်နှာသစ်တွေကို စီမံခန့်ခွဲသူများကသာ စောင့်ကြပ်စစ်ဆေးပေးနေတာဖြစ်ပြီး စီမံခန့်ခွဲသူအရေအတွက်နဲ့ စာမျက်နှာသစ်အရေအတွက်နဲ့ မမျှဘူးလို့ မြင်မိတဲ့အတွက် ယုံကြည်ရတဲ့ အသုံးပြုသူတွေကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးခြင်း အခွင့်အရေးပေးဖို့ ဆောင်ရွက်လိုရခြင်းပါ။ ဒါ့အပြင် ဒီအခွင့်အရေးအုပ်စုနှစ်ခုကို စီမံခန့်ခွဲသူ တစ်ဦးဦးကနေ ပေးအပ်ခြင်း/ဖယ်ရှားခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တခြားဝီကီတော်တော်များများမှာလဲ ဒီအုပ်စုနှစ်ခုက ရှိထားကြပါတယ်။ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ၊ ကန့်ကွက်စရာများရှိရင် ပြောပေးသွားကြပါဦး။ ကျေးဇူးပါ။ NinjaStrikers «» ၁၆:၁၈၊ ၂၇ ဇွန် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

Portal နှင့် Draft အမည်ညွှန်း ထည့်သွင်းရန်[ပြင်ဆင်ရန်]

မင်္ဂလာပါ။ မြန်မာဝီကီပီးဒီးယားမှာ အသုံးပြုဖို့ Portal နဲ့ Draft ထပ်တိုးအမည်ညွှန်းနှစ်ခုကို အဆိုပြုလိုပါတယ်။ Portal ကို "မုခ်ဦး" "မုခ်ဝ" နဲ့ Draft ကို "စာမူကြမ်း" လို့ ပြန်ဆိုဖို့ စဉ်းစားထားပါတယ်။ ဝီကီပီးဒီးယား:Article_wizard ကလည်း အဆင်ပြေပြီမို့ရယ်၊ Portal: နဲ့ စထားတဲ့ စာမျက်နှာတွေက ပင်မအမည်ညွှန်းထဲ ရောက်နေတာရယ်ကြောင့်ပါ။ ဆွေးနွေးသုံးသပ်ပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၃:၂၄၊ ၂၂ နိုဝင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

-Edited Portal localization on ၂၄ နိုဝင်ဘာ ၂၀၂၃
အဆိုပြုချက်ကို ထောက်ခံပါတယ်။
I support your suggestion. Dr Lotus Black (ဆွေးနွေး) ၁၅:၀၆၊ ၁၅ ဇန်နဝါရီ ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]
မုခ်ဝ တို့  မုခ်ဦး စတဲ့ စကားရပ်တွေက တည်နေရာပြအညွှန်း တစ်နည်းဆိုရရင် အထူးတလည် တည်ဆောက်ပြုလုပ်ထားတဲ့  အဆောက်အဦ တစ်ခုရဲ့ ဝင်ပေါက် ကို ဖော်ပြတာလို့ သိနားလည်ထားပါတယ်။
ဥပမာ  မြစ်ဝတို့ ပင်လယ်ဝတို့ လူဖန်တီးထားတာမျိုး မဟုတ်ဘဲ သဘာဝအရဖြစ်တည်တာဆိုရင် မြစ်၊ပင်လယ် စတဲ့ အရာဝတ္ထုရဲ့ နောက်မှာ “ဝ” စာလုံးကပ်ပါလာတာမျိုး၊ လူဖန်တီးထားတာမျိုးဆိုရင် “ဦး” စကားလုံး ကပ်ပါလာ ဆိုတာမျိုး မြန်မာစကားရပ်မှာ သုံးကြတာ တွေ့ရပါတယ်။Portal ဆိုတဲ့ စကားရပ်ကို  မုခ်ဦး လို့ပဲ ခေါ်ခေါ်၊မုခ်ဝ လို့ ပဲ သုံးသုံး အဆင်ပြေပါတယ်။မြန်မာလို အလွယ်ပြောရင် မုခ်ဝ က ပိုခေါ်ဝေါ်လို့ သင့်တော်မလားပဲ။ စာမူကြမ်းကတော့ အထူးတလည် ဆွေးနွေးဖို့ မရှိပါဘူး ခင်ဗျာ။ Zawzawaungthwin (ဆွေးနွေး) ၀၈:၂၈၊ ၂၃ ဇန်နဝါရီ ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]

မြန်မာဝီကီပီးဒီးယား မွေးနေ့[ပြင်ဆင်ရန်]

RESOLVED:

၃၀ ဇူလိုင်လ ၂၀၀၄ အား မြန်မာဝီကီပီးဒီးယား စတင်သည့် ရက်အဖြစ် ရွေးချယ်

အောက်ပါဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာတွင်သာ ရေးသားပါ။ ဤဆွေးနွေးချက်တွင် နောက်ထပ် မည်သည့်ပြင်ဆင်တည်းဖြတ်မှုကိုမျှ မပြုလုပ်သင့်ပါ။

မြန်မာဝီကီစတင်ခဲ့တာကို အကြမ်းဖျင်းအနေနဲ့ ဇူလိုင် ၂၀၀၄ လို့ သတ်မှတ်ထားပါတယ်။ စတင်ခဲ့တဲ့ ရက်ကို ရက်စွဲအတိအကျလေးနဲ့ သတ်မှတ်ထားရင် ကောင်းမလားလို့ပါ။ Anniversary လေးဘာလေး လုပ်လို့လဲရတာပေါ့။ အောက်မှာ မြန်မာဝီကီရဲ့ အဟောင်းဆုံး နေ့စွဲတွေကို ဖော်ပြထားပါတယ်။ ကျေးဇူးပြုပြီး မွေးနေ့အနေနဲ့ တစ်ရက်ရက်ကို ရွေးချယ်ပေးကြပါဦး။

ကျွန်တော့ အနေနဲ့ဆိုရင် ပထမသတ်မှတ်ထားကြတဲ့ ဇူလိုင် ၂၀၀၄ နဲ့လဲ ကိုက်ညီအောင် ဗဟိုစာမျက်နှာရဲ့ ပထမဆုံး ရက်စွဲ ၃၀ ဇူလိုင် ၂၀၀၄ ကိုတော့ ရွေးချယ်ချင်ပါတယ်။ NinjaStrikers «» ၀၄:၅၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]

@Ninjastrikers ပထမဦးဆုံးစီမံခန့်ခွဲသူ ရဲ့ တည်းဖြတ်မှု ရက်ကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ Zawzawaungthwin (ဆွေးနွေး) ၁၁:၅၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]
@Zawzawaungthwin; အကောင့်ဝင်ထားတဲ့ အသုံးပြုသူရဲ့ ပထမဆုံး တည်းဖြတ်နေ့ကို ယူမလားလို့ စဉ်းစားမိသေးတယ်။ ဒါဆိုရင် ၈ ဧပြီ ၂၀၀၄ ရယ်၊ ပထမဆုံး စီမံခန့်ခွဲသူရဲ့ ၈ ဇူလိုင် ၂၀၀၄ က တည်းဖြတ်မူရယ် ဖြစ်ပါလိမ့်မယ်။ ဒီလိုဆိုရင် အသုံးပြုသူ တစ်ဦးတစ်ယောက်အပေါ် မူတည်ပြီး ဆုံးဖြတ်သလို ဖြစ်နေမလားလို့ တွေးမိတာမို့ ဝီကီတစ်ခုရဲ့ အရေးကြီး စာမျက်နှာဖြစ်တဲ့ ဗဟိုစာမျက်နှာ ရဲ့ ပထမဆုံး တည်းဖြတ်ရက်စွဲကိုပဲ ယူဖို့ စဉ်းစားလိုက်တာပါ။ အရင်တခြား အသုံးပြုသူတွေ ပြောထားသလို ဇူလိုင် ၂၀၀၄ ဆိုတာနဲ့လဲ ထပ်တူကျအောင်လို့ပါ။ NinjaStrikers «» ၁၄:၀၀၊ ၂၁ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]
@Ninjastrikers ၈ ဧပြီ ၂၀၀၄ ကို ကျနော် မသိလိုက်ဘူး။ဒါဆိုရင် ၃၀ ဇူလိုင် က အကောင်းဆုံးပါ။ Zawzawaungthwin (ဆွေးနွေး) ၁၄:၄၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]
၈ ဇူလိုင်နဲ့ အမှတ်မှားသွားလို့။ ၈ ဧပြီ ၂၀၀၄ တော့မဟုတ်ဘူး။ ၂၁ ဧပြီ ၂၀၀၄‎ ပါ။ NinjaStrikers «» ၁၂:၅၇၊ ၂၂ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]
ကျွန်တော် အကြံပြုချင်ပါတယ် ဗဟိုစာမျက်နှာရဲ့ ပထမဆုံးတည်းဖြတ် ရက်စွဲကိုပဲ အတည်ပြုစေချင်ပါတယ် ဝီကီတိုင်းမှာ ဗဟိုစာမျက်နှာတွေ ပါစမြဲမို့ အားလုံးနဲ့လည်းသက်ဆိုင်တယ်လို့ ယူဆမိလို့ပါ Mayor mt (ဆွေးနွေး) ၁၇:၀၇၊ ၂၂ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]
ဗဟိုစာမျက်နှာကို ပထမဆုံးတည်းဖြတ်တဲ့နေ့က ကောင်းမယ်လို့ထင်တယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၂၃:၃၁၊ ၂၂ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]

ဗဟိုစာမျက်နှာက ဝီကီစာမျက်နှာတိုင်းရဲ့ အဓိကမလို့ ၃၀ ဇူလိုင်လ ၂၀၀၄ခုနှစ် ဗဟိုစာမျက်နှာကို ပထမဆုံးတည်းဖြတ်တဲ့နေ့ကို ရွေးချယ်တာ ကောင်းမွန်မယ်လို့ ထင်မိပါတယ်။ --Shin Khant Maung (ဆွေးနွေး) ၀၁:၄၈၊ ၂၆ ဇွန် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]

ဆွေးနွေးချက် စတင်ပြီး ၁၀ ရက်ကျော်ကြာပြီးတဲ့နောက် အများသဘောတူတဲ့ ၃၀ ဇူလိုင်လ ၂၀၀၄ ကို မြန်မာဝီကီပီးဒီးယား စတင်တဲ့နေ့ (မွေးနေ့) အဖြစ် သတ်မှတ်လိုက်ပါတယ်။ ရွေးချယ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၇:၃၄၊ ၁ ဇူလိုင် ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]

အထက်ပါ ဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာတွင်သာ ရေးသားပါ။ ဤဆွေးနွေးချက်တွင် နောက်ထပ် မည်သည့်ပြင်ဆင်တည်းဖြတ်မှုကိုမျှ မပြုလုပ်သင့်ပါ။