အမွန်း
အမွန်း | |
---|---|
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | လန်စစ်လမွန်း |
မွေးဖွား | ၁၉၉၁ (အသက် ၃၂–၃၃) မြစ်ကြီးနား |
ဂီတဟန် | ပေါ့ |
အလုပ်အကိုင် | တေးရေး၊ တေးဆို၊ သရုပ်ဆောင် |
တက်ကြွသည့်နှစ်များ | ၂၀၁၀ - ယခုထိ |
ဝက်ဘ်ဆိုက် | Ah Moon Music |
အမွန်း (၁၉၉၁-) သည် မြန်မာ တေးရေး၊ တေးဆိုနှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ [၁][၂][၃] မီအန်မာဂဲလ် (Me N Ma Girls) အမျိုးသမီး ပေါ့အဆိုအဖွဲ့တွင် အဆိုရှင်အဖြစ် ပါဝင်ထားသည်။ [၄][၅]
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၉၁ ခုတွင် မြစ်ကြီးနား၌ မွေးသည်။ အမည်ရင်းမှာ လန်စစ်လမွန်း ဖြစ်သည်။ [၅] ဖခင်မှာ နှစ်ခြင်းဆရာဖြစ်ရာ ဘုရားကျောင်း၌ပင် ဂီတနှင့် ထိတွေ့ခဲ့သည်။ [၆] ငယ်စဉ်က တယောနှင့် စန္ဒရားတီး သင်ဖူးသည်။ [၁][၇]
၂၀၁၂ ခုတွင် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ရုရှားဘာသာ အထူးပြုနှင့် ဘွဲ့ရသည်။ [၂]
မော်ဒယ် ဘဝ
[ပြင်ဆင်ရန်]မော်ဒယ်အဖြစ် ခြေလှမ်းစရာ ၂၀၀၉ ခုတွင် ရန်ကုန်၌ ကျင်းပသည့် ခရစ်စမတ်အလှမယ် (Miss Christmas Pageant) ပြိုင်ပွဲတွင် ပါရမီအရှိဆုံးဆု ရသည်။ အဆိုပါနှစ်တွင်ပင် ပြင်သစ်သံရုံးက ကျင်းပသည့် အလှပြိုင်ပွဲတွင်လည်း ဆုရခဲ့သေးသည်။ [၃]
အဆိုရှင် ဘဝ
[ပြင်ဆင်ရန်]၂၀၁၀ ခုတွင် ဩစတေးလျ အကပညာရှင် နီကိုးမေ (Nicole May) ကမကထပြုသည့် တိုင်းဂါးဂဲလ် (Tiger Girls) အဖွဲ့၏ လူသစ်စုပွဲသို့ ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူ ၁၂၀ အနက်မှ ရွေးချယ်ခံရသူ ငါးယောက်အနက် တစ်ယောက် ဖြစ်လာသည်။ [၆][၈]
၂၀၁၁ ခုတွင် အဖွဲ့၏ ပထမဆုံး စီးရီး တိုင်းဂါးဂဲလ်တို့နှစ် (Year of Tiger Girls) ကို ထုတ်ရာ မြန်မာတွင်သာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသည်။ [၅] ထုတ်ဝေသူနှင့် ဇာတ်သိမ်းပြီးနောက် အဖွဲ့ဝင်များက မီအန်မာဂဲလ် အမည်သို့ ပြောင်းသည်။ မြန်မာဂဲလ် ဟူသော ဝေါဟာရနှင့် သံတူယူခြင်းဖြစ်သည်။ အဖွဲ့ အမည်သစ်နှင့် ပထမဆုံးတေးစီးရီးဖြစ်သော မင်္ဂလာပါ (Welcome) ကို ၂၀၁၁ ခုတွင် ထုတ် သည်။ [၁][၈]
တစ်ကိုယ်တော် လှုပ်ရှားမှု
[ပြင်ဆင်ရန်]၂၀၁၄ ခုတွင် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး မင်းပေးတဲ့ အချစ် ကို ထုတ်ဝေသည်။ မြန်မာဘာသာရော အင်္ဂလိပ်ဘာသာနှင့်ပါ သီချင်းထားသော သီချင်းများ ဖြစ်သည်။[၁]
၂၀၁၈ ခု၊ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းအဖြစ် ကိုကာကိုလာမှ ရွေးချယ်ထားသော အဆိုတော် ဂျေဆန် ဒရူလို (Jason Derulo) ၏ ကာလာ (Colors) သီချင်းကို အားတီနှင့် တွဲကာ မြန်မာနိုင်ငံအတွက် သီဆိုခဲ့သည်။ [၉]
သရုပ်ဆောင် ဘဝ
[ပြင်ဆင်ရန်]၂၀၁၈ ခုတွင် ဒုတ္ထဝတီကို လွန်၍ ဇာတ်ကား၌ သရုပ်ဆောင်သည်။ [၁၀][၁၁]
တေးစီးရီးများ
[ပြင်ဆင်ရန်]အဖွဲ့လိုက်
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|
Year of Tiger Girls | ၂၀၁၁ | Tiger Girls အဖွဲ့ ဖြင့် | |
မင်္ဂလာပါ | ၂၀၁၁ | Me N Ma Girls အဖွဲ့ အမည်ဖြင့် |
တစ်ကိုယ်တော်
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|
မင်းပေးတဲ့ အချစ် | ၂၀၁၄ | ||
Automatic | ၂၀၁၅ | ||
Very Dangerous | ၂၀၁၇ |
ပါဝင်သော ဇာတ်ကားများ
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | ဒါရိုက်တာ | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|---|
ဒုတ္ထဝတီကို လွန်၍ | ၂၀၁၈ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Lwin Mar Htun (May 18, 2014)။ California Dreamin'။ MyanmarTimes။
- ↑ ၂.၀ ၂.၁ Simon Roughneen (June 29, 2012)။ After Aung San Suu Kyi, girl band symbolizes a changing Myanmar?။ The Christian Science Monitor။
- ↑ ၃.၀ ၃.၁ Charity ambassadors။ Yoma Yangon International Marathon ‘15 (2015)။ 18 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 March 2019 တွင် ပြန်စစ်ပြီး။
- ↑ Alexis Stephens (November 21, 2013)။ Myanmar’s Me N Ma Girls fight all of the -isms။ MTV IGGY။
- ↑ ၅.၀ ၅.၁ ၅.၂ Nyein Nyein (January 28, 2014)။ After split, Me N Ma Girls continue with US-recorded album။ The Irrawaddy။
- ↑ ၆.၀ ၆.၁ Myanmar’s first girl band pushes limits of censors, and parents။ New York Times (January 4, 2012)။
- ↑ International sensation singer ‘Ah Moon’ beats the odds။ Indie Artist Radio (2014)။ 14 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 March 2019 တွင် ပြန်စစ်ပြီး။
- ↑ ၈.၀ ၈.၁ Don't call them M-pop။ The Nation (July 14, 2012)။ 18 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 March 2019 တွင် ပြန်စစ်ပြီး။
- ↑ Ah Moon အမြန္း၊ Jason Derulo Feat. Ah Moon & Ar T - COLORS ( Coca-Cola Anthem for the 2018 FIFA World Cup )၊ 2018-12-17 တွင် ပြန်စစ်ပြီး
- ↑ Mystery of Burma: Beyond The Dotehtawady၊ 2018-12-17 တွင် ပြန်စစ်ပြီး
- ↑ Mystery of Burma: Beyond The Dotehtawady၊ 2018-12-17 တွင် ပြန်စစ်ပြီး